ကျွန်တော် ဘလောခ်မရေးဖြစ်တာ တော်တော်ကြီးကိုကြာသွားပြီဗျ။ အခုဘာလို့ ဒီပိုစ့်ကိုရေးဖြစ်လဲဆိုတော့ ကျွန်တော်အင်တာနက်မှာဟိုလျှောက်ကြည့် ဒီလျှောက်ကြည့်နဲ့ ဒီဆိုဒ် လေးကိုသွားတွေ့တယ်ဗျ။ အဲဒီဆိုဒ်လေးမှာမှ ကျွန်တော့်အတွက် အရမ်း စိတ်ဝင်စားစရာ ကောင်းတဲ့ ဆော့ဝဲလ်လေးတစ်ခု တွေ့လိုက်ပါတယ်။ ဘာဆော့ဝဲလ်လဲဆိုတော့ Windows Media & Winamp plugin တစ်ခုပါ။ သီချင်းဖွင့်လိုက်ရင် Auto Lyric ရှာပေးတဲ့ ဆော့ဝဲလ်လေးပေါ့။ ကျွန်တော်စမ်းကြည့်တော့ တော်တော်သဘောကျသွားတယ်ဗျ။ ကိုယ့်သီချင်းက ခေါင်းစဉ် နဲ့ အဆိုတော် နာမည်သာ မှန်နေပါစေ မရှိဘူးဆိုတာ ခပ်ရှားရှားရယ်ပါ။ ဒါပေမယ့် အင်တာနက် ချိတ်ထားဖို့တော့ လိုမယ်ဗျ။ သူက အွန်လိုင်းနဲ့ တစ်ခါတည်းချိတ်ပြီးရှာပေးတာပါ။ အဲဒီဆိုဒ်မှာတင်ထားတာ သွားကြည့်ချင်တယ်ဆိုရင်တော့ ဒီနေရာ မှာပါ။ မူရင်းဆိုဒ်လေးကတော့ အဲဒီမှာ ပါ။ ကျွန်တော် အဲဒီဆော့ဝဲလ်လေးကို တွေ့ပြီး ကျွန်တော့်ဆိုဒ်ကိုလာလည်တဲ့သူတွေ အကျိုးရှိမယ်ထင်ပြီးတော့ မတင်ပဲမနေနိုင်လို့ ပိုစ်တစ်ခုအဖြစ်တင်လိုက်တာပါ။ ခေါင်းစဉ်ကိုလဲ သူပေးတဲ့အတိုင်းပဲပေးလိုက်ပါတယ်။
Credit ==> http://www.stuffadda.com/
==>http://www.lyricsplugin.com/
ဘာတွေဆက်ရေးထားလဲမသိဘူးနှိပ်ကွည့်မှ...
ဖတ်လို့တော့ပွီးပွီ ပွန်ပိတ်ထားပေးလိုက်ပါမယ်...
အကယျ၍သာ…
သင်ဟာ ဘာသာတရားတစ်ခုခုကို ကိုးကွယ်ယုံကြည်သူ မဟုတ်ပါဘူးဆိုပါစို့…
သေရေးရှင်ရေး အဖြစ်အပျက်တစ်ခုနဲ့ ကြုံရတဲ့အခါကျရင် ဆုတောင်းတာတို့၊ ဘုရားတတာတို့ သင်ပြုလုပ်လိမ့်မည် ထင်ပါသလား။
***
အိမ်မက်လေး တစ်ခုအကြောင်း ပြောပြချင်ပါတယ်။
တစ်ညမှာ လူတစ်ယောက်ဟာ ထူးထူးဆန်းဆန်း အိမ်မက်တစ်ခုမက်သတဲ့။ အဲဒီအိမ်မက်ထဲမှာ သူဟာ ပင်လယ်ကမ်းစပ်တစ်ခုမှာ ရောက်နေပါတယ်။ ပြီးတော့ သောင်ပြင်တစ်လျှောက် ဘုရားသခင်နဲ့အတူ လမ်းလျှောက်နေတယ်လို့ ဆိုပါတယ်။
သူ့ဘဝတစ်လျှောက်လုံး ဖြတ်သန်းခဲ့သမျှ ခြေရာတွေဟာ သောင်ပြင်ပေါ်မှာ အစီလိုက်လိုက် အတန်းလိုက် ထင်ကျန်ရစ်နေခဲ့တာကို မြင်ရတယ်။
ဘဝမှာ ကြုံတွေ့ခဲ့ရသမျှ အဖြစ်အပျက်တိုင်းကို သဲသောင်ပြင်ပေါ်က ခြေရာတွေက ကိုယ်စားပြုနေတာပါပဲ။
ကျန်ရစ်ခဲ့တဲ့ ခြေရာတွေကို နောက်ပြန်လှည့်ကြည့်နေရင်းက ဗြုန်းကနဲဆိုသလို တစ်စုံတစ်ခုကို သူ သတိထားမိသွားတယ်၊ အဲဒါကတော့ သူ့အတိတ်ခြေရာတွေရဲ့ဘေးကပ်လျက်မှာ နောက်ထပ် ခြေရာအပိုတစ်စုံကို တွေ့နေရလို့ပါပဲ။
ဒါနဲ့ သူဟာ ဘုရားသခင်ဘက်ကို လှည့်ပြီး မေးလိုက်တယ်။
“ကျွန်တော့်ခြေရာဘေးက အတူလျှောက်လာခဲ့တဲ့ ခြေရာပိုင်ရှင်ဟာဘယ်သူလဲ”
ဘုရားသခင်က ပြန်ဖြေတယ်။
“အဲဒါ ငါ့ရဲ့ခြေရာပဲလေ။ မင်းလျှောက်ခဲ့တဲ့ ဘဝခရီးတစ်လျှောက်လုံး မင်းဘေးနားမှာ ငါအမြဲပါနေခဲ့တာကိုး”
အဲဒီအဖြေစကားကို ကြားလိုက်ရတဲ့ လူသားဟာ တစ်ခဏချင်းမှာတော့ ပျော်သလိုလို ခံစားလိုက်ရသေးတယ်။ ဒါပေမယ့် အဲဒီအပျော်ဟာ မိနစ်ပိုင်းအတွင်းမှာပဲ ပြန်ပျောက်ဆုံးသွားလေရဲ့။
ဘာဖြစ်လို့လဲဆိုတော့ သူ့ဘဝရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းအချို့ကို ကိုယ်စားပြုတဲ့ နေရာတွေမှာကျတော့ ခြေရာတစ်စုံတည်း အထီးကျန်စွာ ဖြတ်သန်းခဲ့ရတာကို တွေ့လိုက်ရလို့ပါ။
အဲဒီ အစိတ်အပိုင်းတွေ ဆိုတာကလည်း တခြားတော့ မဟုတ်ဘူး။ သူ့ရဲ့ ဘဝထဲမှာ ဒုက္ခအရောက်ဆုံး၊ အဆင်းရဲ အကြမ်းတမ်းဆုံး၊ အန္တရယ်အကြီးမားဆုံး ကျဉ်းထဲကျပ်ထဲကျရောက်ခဲ့ရတဲ့ အချိန်ကာလတွေ ဖြစ်နေတာကို တွေ့လိုက်ရပါတယ်။
လူသားဟာ ဝမ်းနည်းပက်လက်ဖြစ်သွားပြီး ဘုရားသခင်ကို ထပ်ပြီးမေးခွန်းထုတ်လိုက်တယ်။
“အရှင်…အရှင်ပြောတော့ ကျွန်တော်မျိုးလျှောက်ခဲ့တဲ့ ဘဝခရီး တစ်လျှောက် ကျွန်တော်မျိုးရဲ့ ဘေးနားမှာ အမြဲလိုက်ပါနေခဲ့တယ်ဆို။ ဒါပေမယ့် ကျွန်တော်မျိုးဘဝရဲ့ ဒုက္ခဆင်းရဲအရောက်ဆုံး အချိန်တွေမှာကျတော့ ခြေရာတစ်စုံတည်းပဲ ကျန်ရစ်နေတာကို တွေ့နေရပါလား။ ကျွန်တော်မျိုးအတွက်အားကိုးရာ အလိုအပ်ဆုံးအချိန်မှာ အရှင်က လျစ်လျူရှု ပစ်ခွာထားရက်တယ်နော်”
ဘုရားသခင်က ခေါင်းကို ညင်ညင်သာသာပဲ ခါယမ်းတယ်။ ပြီးတော့…
“မင်း မှားနေပြီ ငါ့သား၊ ငါဟာ မင်းကို ဘယ်တုန်းကမှ စွန့်ပစ်မထားခဲ့ပါဘူး၊ မင်းဘဝရဲ့ ဒုက္ခတွေ၊ အန္တရယ်တွေကြုံနေချိန်မှာ ခြေရာတစ်စုံတည်းကို တွေ့ရလို့ အထင်မလွဲပါနဲ့ကွာ။ မြင်နေရတဲ့ ခြေရာဟာ ငါ့ရဲ့ခြေရာပါ။ မင်းကိုယ်တိုင်ရဲ့ခြေရာကိုတော့ မတွေ့ရဘူးပေါ့ ၊ ဘာဖြစ်လို့လဲဆိုတော့ အဲဒီအချိန်တုန်းက မင်းကို ငါ့ရင်ခွင်ထဲမှာ ပွေ့ချီသယ်ပိုးလာခဲ့တာကိုး။”
***
ယုံကြည်ကိုးကွယ်မှုကို အားကိုး အားထားပြုချင်တဲ့ သူတွေအတွက်တော့ ဒါဟာ ကြည်နူးစရာအိမ်မက်တစ်ခု (ဒါမှမဟုတ်) မျှော်လင့်စရာအလင်းရောင်တစ်ခု ဖြစ်ပါလိမ့်မယ်။
ဒါပေမယ့် ဒါဟာ ကျွန်တော့်အတွက်တော့ အကြီးအကျယ် အခမ်းနားဆုံး စိန်ခေါ်ခံရတဲ့ “မေးခွန်း” တစ်ခုပါ။
ဟုတ်တယ်…ကျွန်တော် စဉ်းစားကြည့်မိတယ်။
“ကျွန်တော်တို့ဟာ ဒုက္ခဆင်းရဲ့နဲ့ကြုံတွေ့ရတဲ့အခါကျရင် ဘုရားသခင်က ပွေ့ချီသွားတာကို ခံမလား။ ဒါမှမဟုတ် အဲဒီ ဒုက္ခမီးကျီးခဲတွေပေါ်ကို ကိုယ့်ခြေထောက်နဲ့ ကိုယ် ရဲရဲဖြတ်လျှောက်ကြမလား” ဆိုတာပါပဲ။
ဤ “အကယ်၍သာ-၁” သည် “မင်းခိုက်စိုးစန်” ၏ “အကယ်၍သာ” ဆိုတဲ့စာအုပ်ထဲမှ ကျွန်တော်အနှစ်သက်ဆုံးမို့လို့ ကိုယ်တိုင်ရိုက်ပြီး တင်လိုက်ခြင်းဖြစ်ပါတယ်။ စာဖတ်သူများလဲ နှစ်သက်မယ်လို့ထင်ပါတယ်။
ဘာတွေဆက်ရေးထားလဲမသိဘူးနှိပ်ကွည့်မှ...
ဖတ်လို့တော့ပွီးပွီ ပွန်ပိတ်ထားပေးလိုက်ပါမယ်...
ကလေးအတွေး
(၁) မိမိရဲ့ပန်းတိုင်ကို အပျောက်အခံရဘူး။
(၂) ဒီနည်းနဲ့မရတော့ရင် တခြားဒီထက်ကောင်းတဲ့နည်း ဘာရှိသေးလဲလို့ တီထွင်ကြံဆနေရမယ် ၊ ရှာဖွေနေရမယ်။
(၁)
“မောင်ပီတာ…သား ကြီးလာရင် ဘာလုပ်မလဲ”
“စစ်ဗိုလ်ကြီးလုပ်မယ် အန်ကယ်”
“တိုက်ပွဲမှာ အသတ်ခံရမှာ မကြောက်ဘူးလား”
“ဘယ်သူက သတ်မှာလဲ အန်ကယ်ဂျော်နီ”
“ရန်သူက သတ်မှာပေါ့…”
“အင်း…အဲဒါဆို ကျွန်တော်က ရန်သူလုပ်မယ်”
(၂)
ကလေးတစ်ယောက်ရဲ့ စိတ်ကူးအပြောင်းအလဲကို ကြည့်ရတာ သိပ်ရယ်စရာကောင်းပါတယ်။ ပထမကတော့ သူရဲ့ ရည်မှန်းချက်ကတမျိုးပါ။ နောက်တော့ ပြောရင်းဆိုရင်းနဲ့ သူရဲ့ ရည်မှန်းချက်မှာ အခက်အခဲတစ်ခု တွေ့လာပါတယ်။ အသတ်ခံရမယ်ဆိုတော့ ကလေးကကြောက်သွားမှာပေါ့။ သူဘယ် အသတ်ခံချင်ပါ့မလဲ
အဲဒီအခက်အခဲကို ဘယ်လိုကျော်လွှား လွန်မြောက်နိုင် မလဲဆိုတဲ့ နည်းလမ်းကို မရှာတော့ဘူး။ မကြိုးစားတော့ဘူး။ အလွယ်ဆုံးအလုပ်ကိုပဲ လုပ်လိုက်တော့တယ်။
သူ့ရဲ့ရည်မှန်းချက်ကို ပြောင်းလဲပစ်လိုက်တယ်လေ။ ကလေးဆိုတော့ သူ့ရဲ့ရည်းမှန်းချက်ကို ဆန့်ကျင်ဘက်အဖြစ်သို့ လွယ်လွယ်ပြောင်းလဲလိုက်ခြင်းဟာ ရယ်စရာကိစ္စတစ်ခုလောက်သာ ဖြစ်သွားပါတယ်။အသိဉာဏ်နည်းပါးတဲ့ ‘ကလေးအတွေး’ ကိုး။
ဒါပေမယ့် ကျွန်တော်တို့ (လူကြီးတွေ) ထဲမှာရော…။ အခက်အခဲ တစ်ခုခုတွေ့တာနဲ့ ကိုယ့် ရည်မှန်းချက်ကို စွန့်လွှတ်တတ်သူတွေ ပြောင်းလဲတတ်သူတွေ စိတ်ဓာတ်မကြံ့ခိုင်သူတွေ ရှိမနေဘူးလား။
ရှိနေတာပါပဲ။
(၃)
ကျွန်တော်ရင်ထဲမှာ စွဲနစ်စူးဝင်နေတဲ့ စကားတစ်ခွန်း ရှိပါတယ်။
“ရှေ့ဆက်တိုးရမှာ ခက်နေတယ်ဆိုတဲ့ အချက်တစ်ခုတည်းနဲ့တော့ သင် နောက်မဆုတ်သင့်ဘူး” တဲ့။
လောကမှာ လူအတော်များများက ကိုယ် လက်ငင်း ကြုံတွေ့နေရတဲ့ အခက်အခဲကိုသာ အကြီးတကာ့ အကြီးကျယ်ဆုံး အခက်အခဲလို့ အောက်မေ့တတ်ကြတယ်။
တကယ်တော့ ကိုယ်ကြုံနေရတဲ့ အခက်အခဲမျိုး ဟောဒီကမ္ဘာပေါ်မှာ လူသန်းပေါင်းများစွာ တွေ့ကြုံဖြတ်သန်းခဲ့ရဖူးပြီ။ အခုလည်း တွေ့ကြုံနေကြရဆဲ။ နောက်လည်း တခြားလူတွေတွေ့ကြုံကြရဦးမှာ သေချာပါတယ်။
တကယ်ဆို ကိုယ့်ကိုယ်ကိုယ် ပြန်ကြည့်ရုံနဲ့တင် အခက်အခဲတွေ အများကြီးဖြတ်သန်းခဲ့ဖူးတဲ့ သံမဏိလူသားလို့ တွေး,တွေးပြီး ဂုဏ်ယူချင်စရာကောင်းနေမယ် ထင်ပါရဲ့။
ဘာဖြစ်လို့လဲဆိုတော့ ဟောဒီအသက်အရွယ်ထိ ရောက်လာခဲ့ရတာဟာ ကျွန်တော်တို့အနေနဲ့ အခက်အခဲ အမျိုးမျိုးကို ရင်ဆိုင်ဖြတ်သန်းပြီးမှ ရောက်လာခဲ့ကြတာ မဟုတ်ဘူးလား။
ကဲ…ခင်ဗျားကိုယ်တိုင်ပဲ လွန်ခဲ့တဲ့ ဆယ်နှစ်လောက်တုန်းက ကြုံခဲ့ရတဲ့ အခက်အခဲတစ်ခုကို ပြန်စဉ်းစားမြင်ယောင် ကြည့်လိုက်ပါဦး။
အဲဒီတုန်းက အကြီးတကာ့ အကြီးမားဆုံးလို့ ထင်ထားတဲ့အခက်ခဲဟာ အခုကျတော့ သေးငယ်နေပြန်ရော မဟုတ်လား။
ဒီတစ်ချက်တည်းနဲ့တင် ခင်ဗျားဟာ ဒုက္ခတွေကို ဖြတ်သန်းလာနိုင်တယ်ဆိုတာ သေချာသွားပါပြီ။
တခြားသူတွေကတော့ အခက်အခဲတွေကို ဘယ်လိုဖြတ်သန်းကြသလဲ။ တချို့တွေက ကလေးတွေလိုပဲ ရည်မှန်းချက်ကို လွယ်လွယ်နဲ့ လက်လျှော့ပြီး ဖြစ်သလို ရေစုန်မျှောလိုက်ကြတယ်။ တချို့ကတော့ ပန်းတိုင်ကို အပျောက်မခံဘဲ ဒီနည်းနဲ့မရရင် ဟိုနည်းစသဖြင့် ဗျူဟာအမျိုးမျိုးသုံး ၊ ဉာဏ်ကစားပြီး ကျော်လွှားကွေ့ပတ်ကြတယ်။
တကယ်တော့ ဖြတ်ကျော်လို့မရတဲ့ အတားအဆီးလို့ ထင်ရတဲ့ အရာတွေဟာ ကိုယ်က ခေါင်းငုံ့လက်ခံလိုက်မှသာ “အရှုံး” ဖြစ်သွားကြတာပါ။ ခင်ဗျားက “အရှုံး” ကိုလက်မခံသေးရင် မရှုံးသေးဘူး။
ဒါနဲ့များ ဘာဖြစ်လို့ ကိုယ့်ရဲ့ပန်းတိုင်ကိုလက်လျှော့ပြောင်းလဲပစ်ရမှာလဲ။
ဂျပန်ပုံပြင်လေးတစ်ပုဒ် ရှိပါတယ်။
လူနှစ်ယောက်ဟာ ချောက်ကမ်းပါးတစ်ခုမှာ နေ့စဉ်ထိုင်ပြီးတော့ ငါးမျှားကြတယ်။ လတွေ ၊ နှစ်တွေကြာလာတော့ ချောင်းကလည်း တဖြည်းဖြည်း ကောစပြုလာတယ်။ သူတို့ နှစ်ယောက်စလုံး ငါးအရနည်းလာတာပေါ့။
ဒါပေမယ့် ပထမတစ်ယောက်ကတော့ နည်းနည်းတော်သေးတယ်လို့ ဆိုရမှာပေါ့။ နေ့စဉ် သူ အိမ်စားလို့ရရုံ သုံးလေးကောင်တော့ ရနေသေးတာကိုး။ ဒုတိယတစ်ယောက်ကတော့ ပိုအခြေအနေဆိုးတယ်။ တစ်နေ့လုံး ထိုင်မျှားပါမှ ငါးတစ်ကောင် နှစ်ကောင်မိဖို့ ခဲယဉ်းနေတာ။
လူချင်းလည်းတူ ၊ လုံ့လဝီရိယ စိုက်ထုတ်ပုံချင်းလည်းတူ ငါးမျှားတဲ့နေရာချင်းလည်းတူပေမယ့် ငါက ဘာဖြစ်လို့ ကံဆိုးနေရတာလဲလို ဒုတိယလူက တွေးလိုက်တယ်။ သူ့အတွက်တော့စဉ်းစားလေလေ စိတ်ဓာတ်ကျစရာကောင်းလေပဲ။
ဒါပေမဲ့ သူက အခက်အခဲရဲ့ရှေ့မှာ ဒူးထောက်ငိုကြွေးနေမယ့်လူ မဟုတ်ဘူး။ ဒီထက် ကောင်းတဲ့နည်း ဘာရှိသေးလဲလို့စဉ်းစားတယ်။ လတ်တလော အခြေအနေမှာတော့ သူဟာ ပထမလူထက် နိမ့်ကျနေတာအမှန်ပဲ။ ဒါပေမဲ့ သူ အရှုံးမပေးဘူး။
ငါးမျှားလို့မရတဲ့အတူတူ အိမ်ကိုပြန်ပြီး ပိုက်ကွန်တစ်စင်းရက်တယ်။ အဲဒီ ရက်ပိုင်းတွေမှာတော့ သူ့တစ်အိမ်လုံးမှာ စားစရာမရှိလို့ ငတ်ပြတ်လူးလှိမ့်နေရတာပေါ့။ ဒီအချိန်မှာ ပထမ လူကတော့ ပုံမှန်အတိုင်း ငါးသုံးလေးကောင် ဆွဲပြီး အိမ်ပြန်လျက်ပဲ။
နောက်ဆုံးတော့ သူ့ပိုက်ကွန်ပြီးသွားတယ်။ ဒုတိယ တံငါသည်ဟာ ကောနေတဲ့ချောင်းငယ်ကလေးကို စွန့်ခွာပြီး မြစ်ထဲမှာ ငါးသွားဖမ်းတော့ စီးပွားဖြစ်လောက်အောင် ငါးတွေ အများကြီး ဖမ်းမိပါသတဲ့။ ပထမလူကတော့ ချောင်းငယ်ကလေးထဲမှာပဲ ငါးကလေးသုံးလေးကောင်နဲ့ကျေနပ်နေဆဲပါပါ။
ကျွန်တော်ပြောချင်တာက ဒီလိုပါ။ လူဟာ (၁) မိမိရဲ့ပန်းတိုင်ကို အပျောက်မခံရဘူး။ (၂) ဒီနည်းနဲ့ မရတော့ရင် တခြားဒီထက်ကောင်းတဲ့နည်း ဘာရှိသေးလဲလို့ တီထွင်ကြံဆနေရမယ်။ ရှာဖွေနေမယ်။
လူ့ဘဝဆိုတာ အမြဲတမ်းပုံမှန်ချည်းပဲ ခုတ်မောင်းနေတာ မဟုတ်ပါဘူး။ ပုံမှန်အတိုင်း စီးမျောမယ့်လူတွေကတော့ ကောင်းစရာရှိရင် ကောင်းလိုက်မယ် ၊ ဆိုးစရာရှိရင် ဆိုးလိုက်မယ်ဆိုတဲ့ အပြုခံ (Object) အဆင့်ပဲရှိပါတယ်။
ပုံမှန်ကို ဖောက်ထွက်မယ့်လူတွေကတော့ ကိုယ့်ကြမ္မာ ကိုယ် ဖန်တီးနိုင်စွမ်းရှိတဲ့ (Subject) တွေပါ။ လတ်တလော အခြေအနေမှာ ပုံမှန် (Object) သမားတွေထက် နိမ့်ကျကောင်း နိမ့်ကျမယ်။ ဒါပေမဲ့ အောင်မြင်သွားတဲ့ တစ်နေ့မှာတော့ ပုံမှန်သမားတွေအားလုံးကို ဖြတ်ကျော်တက်သွားမှာပါ။
ဒီအက်ဆေးလေးက မင်းခိုက်စိုးစံ ရဲ့ ကလေးအတွေးအက်ဆေးထဲက ကျွန်တော်အကြိုက်ဆုံး တစ်ခုကို ကျွန်တော်ကိုယ်တိုင် ထိုင်ရိုက်ပြီးတင်ပေးလိုက်တာပါ။ စာဖတ်ပရိတ်သတ်များလဲ နှစ်သက်မယ်လို့ထင်ပါတယ်။ အချိန်ရမယ်ဆို ဒီစာအုပ်လေးကို ဖတ်ကြည့်ကြပါလား။ တော်တော်ဖတ်လို့ကောင်းတဲ့စာအုပ်လေးပါ။ ပြည်တွေးမှာနေတဲ့ လူတွေကတော့ ဌားဖတ် (သို့) ဝယ်ဖတ်ကြပေါ့။ ပြည်ပနေသူများအတွက်ကတော့ ဒေါင်းလုပ်လင့်ခ်လေးရှာထားပေးပါတယ်။ ဘယ်သူတင်ထားတာလဲတော့မသိဘူး။ ကျွန်တော်ရှာပြီး ပြန် share ပေးလိုက်ပါတယ်။
Download ==> http://www.mediafire.com/?ozmy1cnzvqy

ဘာတွေဆက်ရေးထားလဲမသိဘူးနှိပ်ကွည့်မှ...
ဖတ်လို့တော့ပွီးပွီ ပွန်ပိတ်ထားပေးလိုက်ပါမယ်...
အရင်လက ကျွန်တော်လိပ်စာချိန်းမယ်လို့ပြောထားလို့ ဒီနေ့ချိန်းမယ်ဆိုပြီးတော့ co.cc ကိုသွားကြည့်လိုက်တော့ 16.8.2009 မှပြည့်မှာဆိုတော့ အလကားရတာလေးကိုဒီတိုင်းပဲမှေးသုံးလိုက်ပါဦးမယ်ဗျာ။ ကတိမတည်သလိုဖြစ်သွားရင်ခွင့်လွတ်ကြပါ။ :D
ဘာတွေဆက်ရေးထားလဲမသိဘူးနှိပ်ကွည့်မှ...
ဖတ်လို့တော့ပွီးပွီ ပွန်ပိတ်ထားပေးလိုက်ပါမယ်...
ဒီတစ်ခါ တကယ် အကြံကုန် ဂဠုန် ဆားချက်တာမဟုတ်ပါဘူးဗျာ။ ကျွန်တော်အရမ်းစိတ်ညစ်နေလို့ရင်ထဲကခံစားနေရတဲ့သီချင်းလေးတင်လိုက်ရတာပါ။ သီချင်းနာမည်က အရင်ကဇာတ်လမ်း ဖြစ်ပါတယ်။
အရင်ကဇာတ်လမ်း
တကယ်ဆို...မေ့ပြစ်လိုက် နာကျင်ခြင်းတွေမေ့ထားလိုက် အမျှော်လင့်ဆုံး ကလေးရေ ဒီလို တို့တွေဆုံတွေ့ခိုက် ရွှေရောင်တောက်ပလွန်းတဲ့မင်းဘဝလေးထဲ မင်းနေပါ အတူတူနီးစပ်ဖို့တော့ တို့ရဲ့ဘဝကဟိုး...အဝေးမှာ အပြာရောင်မိုးကောင်းကင် ကြယ်စင်လေးတွေ ကြွေသွားတိုင်း မပျော်နိုင်ဘူးကလေးရေ မငိုနဲ့ မျက်ရည်တွေသုတ်လိုက် ဘယ်လိုဝေးသွားလဲပဲ အဆုံးသတ်တဲ့အထိ ချစ်နေမှာ ရွှေရောင်တောက်ပလွန်းတဲ့ မင်းဘဝလေးရဲ့ဟိုး...အဝေးမှာ
cho:ဟိုး...အရင်ကဇာတ်လမ်းလေး......မေ့လိုက်ပါ အရင်က ဇာတ်လမ်းလေး......ဟိုးတုန်းက နမ်းခဲ့ဖူးတဲ့ အနမ်းလေးတွေက အခုတော့တိမ်များလို လေထဲလွှင့်ပါသွား လေထဲလွှင့်ပါသွား ဟိုး......တကယ်ဆို...မေ့ပြစ်လိုက် နာကျင်ခြင်းတွေမေ့ထားလိုက် အမျှော်လင့်ဆုံး ကလေးရေ ဒီလို တို့တွေစုံတွေ့ခိုက် ရွှေရောင်တောက်ပလွန်းတဲ့မင်းဘဝလေးထဲ မင်းနေပါ အတူတူနီးစပ်ဖို့တော့ တို့ရဲ့ဘဝကဟိုး...အဝေးမှာ အပြာရောင်မိုးကောင်းကင် ကြယ်စင်လေးတွေ ကြွေသွားတိုင်း မပျော်နိုင်ဘူးကလေးရေ မငိုနဲ့ မျက်ရည်တွေသုတ်လိုက် ဘယ်လိုဝေးသွားလဲပဲ အဆုံးသတ်တဲ့အထိ ချစ်နေမှာ ရွှေရောင်တောက်ပလွန်းတဲ့ မင်းဘဝလေးရဲ့ဟိုး...အဝေးမှာ
cho:ဟိုး...အရင်ကဇာတ်လမ်းလေး......မေ့လိုက်ပါ အရင်က ဇာတ်လမ်းလေး......ဟိုးတုန်းက နမ်းခဲ့ဖူးတဲ့ အနမ်းလေးတွေက အခုတော့တိမ်များလို လေထဲလွှင့်ပါသွား လေထဲလွှင့်ပါသွား ဟိုး......အရင်ကဇာတ်လမ်းလေး......မေ့လိုက်ပါ အရင်က ဇာတ်လမ်းလေး......ဟိုးတုန်းက နမ်းခဲ့ဖူးတဲ့ အနမ်းလေးတွေက အခုတော့တိမ်များလို လေထဲလွှင့်ပါသွား လေထဲလွှင့်ပါသွား ဟိုး......အရင်ကဇာတ်လမ်းလေး......မေ့လိုက်ပါ အရင်ကဇာတ်လမ်းလေး အိုး......အရင်ကဇာတ်လမ်းလေး......မေ့လိုက်ပါ အရင်ကဇာတ်လမ်းလေ
ဒီ သီချင်းလေး တင်လိုက်လို့ စိတ်နည်းနည်းပေါ့သွားမလား ဆိုပြီးတင်လိုက်တာပါ။ ဘာရယ်တော့မဟုတ်ပါဘူး။ ဒီပိုစ်လေးကိုတင်ကာနီး ဟိုအရင်ကပို့စ်လိုပဲ ဂဠုန် မပေါင်းတတ်လို့ google မှာရှာလိုက်တာ
မောင်မိုးညို ဆိုတဲ့ဘလောခ်မှာတွေ့ခဲ့ပါတယ်။ ထို့ကြောင့်
ကိုမောင်မိုးညို ကို အထူးကျေးဇူးတင်ရှိပါတယ်။
ဘာတွေဆက်ရေးထားလဲမသိဘူးနှိပ်ကွည့်မှ...
ဖတ်လို့တော့ပွီးပွီ ပွန်ပိတ်ထားပေးလိုက်ပါမယ်...
co.cc က တစ်နှစ်ပြည့်ရင် ဝယ်ရတယ်လို့သိရပါတယ်။ ထိုကြောင့် ကျွန်တော့် ညမီးအိမ်ဘလောဂ်လေးကို ယခု www.nyameeain.co.cc မှ နဂို www.nyameeeain.blogspot.com သို့ April 30 ရက်နေ့တွင် ပြန်လည်ပြောင်းမည်ဖြစ်သဖြင့် ကျွန်တော့်ကို လင့်ခ်လုပ်ထားတဲ့ဘလောဂ်အစ်ကိုအစ်မများ အားတဲ့အချိန်မှာ လင့်ခ်လေးပြင်ပေးကြပါရန် နှင့် ကျွန်တော်ဘလော်ဂ်ကိုလာလည်သော ညီအစ်ကိုမောင်နှမအားလုံး www.nyameeeain.blogspot.com နဲ့ပဲလာလည်ခြင်းဖြစ် ကူညီပါရန်တောင်းဆို ဖိတ်ခေါ်ပါတယ်ဗျာ။
ဘာတွေဆက်ရေးထားလဲမသိဘူးနှိပ်ကွည့်မှ...
ဖတ်လို့တော့ပွီးပွီ ပွန်ပိတ်ထားပေးလိုက်ပါမယ်...
ကဲ...ကျွန်တော်ပိုစ်မတင်တာလဲတော်တော်ကြာသွားပြီ အခုလဲဘာရေးရမှန်းမသိတုန်း ရေငတ်တုန်းရေတွင်းထဲကြသလို စေတန်ဘလောဂ်က ပိုစ်လေးကိုကူးတင်လိုက်ပါတယ်။ အကြံကုန် ဂလုံ( စာလုံးအမှန်မပေါင်းတတ်၍ :D ) ဆားချက်လိုက်ပါတယ်။
MYSTERY ZILLION Second Anniversary အထိမ်းအမှတ် နှင့် Technology Festival ကို ဧပြီလ ၅ရက်(တနင်္ဂနွေ) နေ့တွင် Myanmar Info-Tech ပင်မအဆောင် ရှိ Confrence Hall တွင် နံနက် ၁၀ နာရီမှ ညနေ ၅နာရီအထိ ကျင်းပသွားမည်ဖြစ်သည်။
စာတမ်းဖတ်ပွဲ ၊ဟောပြောပွဲ၊ မြန်မာ Open source Product များကို ခင်းကျင်းပြသခြင်းများအပြင် MZ Mobile Dictionary ကိုပါ အခမဲ့ install လုပ်ပေးခြင်း MZ open source product များကို install လုပ်ပေးခြင်းများပါ ပါဝင်မည်ဖြစ်သည်။ Web 2.0, Cyber Security, Open Technology, Ethical Hacking, Digital Forensic စသည်တို့ တို့ ကို ဆွေးနွေးတင်ပြသွားမည်ဖြစ်သည်။
နည်းပညာပွဲတော် ကျင်းပရခြင်း၏ ရည်ရွယ်ချက်မှာ
Technology များနှင့် လူငယ်များရင်နည်းမှုရှိစေရန်။
အဆင့်မြင့်နည်းပညာများကို တိုးတက်လေ့လာနိုင်ကြစေရန်။
မြန်မာနိုင်ငံတွင် Open Source Product များနှင့် ပတ်သက်သည့် လုပ်ငန်းများ ပိုမိုတိုးတက်လာစေရန် ရည်ရွယ်ပါသည်။
စိတ်ပါဝင်စားသူ မည်သူမဆိုတက်ရောက် လေ့လာနိုင်ပါသည်။ ပွဲနှင့်ပတ်သက်၍ သိလိုသည်များနှင့် ပွဲတွင် ဝင်ရောက် ဆွေးနွေးလိုသူများ စာတမ်းဖတ်လိုသူများသည်။ စည်သူအောင်(MYSTERY ZILLION)
ဖုန်း ၀၉ ၈၅၁၅၂၃၅ သို့ဆက်သွယ် စုံစမ်းနိုင်ပါသည်။
နောက်ဆက်တွဲ : MZ talk အနေနဲ့ Freelance for Myanmar ကို IT လုပ်ငန်းရှင်တစ်ဦးနဲ့ ဆွေးနွေးရန် ကြိုးစားနေပါသည်။
ဘာတွေဆက်ရေးထားလဲမသိဘူးနှိပ်ကွည့်မှ...
ဖတ်လို့တော့ပွီးပွီ ပွန်ပိတ်ထားပေးလိုက်ပါမယ်...